Categories

Monday, 8 June 2015

ခုနစ်စဉ်ကြယ်ရဲ့ ရင်ဖွင့်တေး ကဗျာစာအုပ်

https://www.dropbox.com/s/4w3i3d2q8cl99qa/%E1%80%81%E1%80%AF%E1%80%94%E1%80%85%E1%80%B9%E1%80%85%E1%80%A5%E1%80%B9%E1%81%BE%E1%80%80%E1%80%9A%E1%80%B9%E1%80%9B%E1%80%B2%E1%82%95%20%E1%80%9B%E1%80%84%E1%80%B9%E1%80%96%E1%80%BC%E1%80%84%E1%80%B7%E1%80%B9%E1%80%B1%E1%80%90%E1%80%B8.pdf?dl=0

ကဗျာ

သဘာဝအလှကို ပုံဖော်ကြည့်ခြင်း
################

စိုက်ပျိုးကာ ရှင်သန်
မြင်ဖန် အကြင်စံ
ရေလောင်းအားကြောင့် ထွန်းတောက်ပါဘိ
ဤအလှရှင်။ ။

သဘာဝတွင်
ပကာသန မဆင်ခဲ့ပါဘု
ယဉ်လှည့်ပေါ့ စိမ်းစိုပြာ
တိမ်ညိုခါ ရေလောင်းတယ်
ပွင့်ပန်းက အသွယ်သွယ်။ ။

ပင်မြင့်ပန်း မဟုတ်
မကြင် ဖယ်ရင်
မြင်ကွယ်ပေါ့ အိုလူသား။ ။

ငိုဖူးထား မျက်ရည်ဝယ်
စိတ် မြေ နယ်
ခြေတော်များလို့
မိတ်တွေရယ်
အနေတော် ထားကွယ်
ကဲ
(အဆွေတို့ရယ်)
ဘဝသမိုင်းက သဘာဝဖြင့်
ပုံဖော်စေခြင်ပါတယ်။ ။

ဖြိုး(ထားဝယ်)ကဗျာဆိုတာ ရင်ထဲက ရတနာ
6.8.2015.တနင်္လာနေ့,2:05pm

Saturday, 18 October 2014

လောကနီတိ

အခန်း( ၁ )
ပညာရှိဆိုင်ရာအခန်း

Section( 1 )
THEWISEMAN
**********************
( ၁၄ )
ဇလပ္ပမာဏံ ကုမုဒနာဠံ၊
ကုလပ္ပမာဏံ ဝိနယော ပဓာနံ၊
ဗျတ္တိပ္ပမာဏံ ကထိတဝါကျံ၊
ပထဝီပမာဏံ တိဏာမိလာတံ။

ရေ၏ နက်မနက်ကို ကြာရိုးကြာစွယ်ကိုကြည့်၍ သိရာ၏။
လူ၏ အမျိုး မြတ်မမြတ်ကို ကိုယ်နှုတ်အမူအရာကိုကြည့်၍ သိရာ၏။
ပညာရှိမရှိကို ဆိုသောစကားကို ဆင်ခြင်၍ သိရာ၏။
မြေ၏ ကောင်းမကောင်းကို မြက်ညှိုး,မညှိုးကိုကြည့်၍ သိရာ၏။

( 14 )
The criterion of water is the water-lily; of a race,
discipline and discourse; of wisdom, the words that are
uttered; and of the ground, the fading of the grass.

နီတိပျို့
***************
မယွင်းမှတ်လို၊ ရေကိုတိမ်နက်၊
ကြာရိုးရွက်ဖြင့်၊ ချင့်တွက်သိရာ၊
လူတို့မှာလည်း၊ ဖြစ်ရာမှန်ဘိ၊
ဇာတိမြတ်ယုတ်၊ မှန်အဟုတ်ကို၊
ကိုယ်နှုတ်အမူ၊ ပြသည်ဟူ၏၊
လူတို့တံထွာ၊ လူတို့မှာကား၊
ပညာရှိသည်၊ မရှိသည်လည်း၊
ဆိုမည်စကား၊ ကိုထောက်ထားလော့၊
မြေအားသောင်းပြောင်း၊ ကောင်းမကောင်းမှာ၊
မြက်သာစကား။

( ၁၅ )
အပ္ပဿုတော သုတံ အပ္ပံ၊ ဗဟုမညတိ မာနဝါ၊
သိန္ဒူဒကံ အပဿန္တော၊ ကူပေ တောယံ ဝ မဏ္ဍုကော။

အကြာအမြင်နည်းသူသည် အနည်းငယ်မျှသော အကြာအမြင်ကိုပင်
အများဟု ထင်မှတ်တတ်၊ မာန်တက်တတ်၏။
သမုဒ္ဒရာရေကို မမြင်ဘူးသော ဖားငယ်သည် တွင်း၌ရှိသော
ရေကို အများဟု ထင်မှတ်နေသကဲ့သို့တည်း။

( 15 )
A man of little learning deems that little a great deal;
he is proud: a frog not seeing the water of the sea, considers it as much as the water in a well.

နီတိပျို့
***********
နည်းပါးပညာ၊ ရှိသူမှာကား၊
ငယ်စွာသုတ၊ တစ်ခုမျှလည်း၊
များလှထင်ယောင်၊ မာန်စောင်တက်ကြွ၊
လွန်ပြောပ၏၊ မြစ်မသမုဒ္ဒရာ၊ မမြင်ရှာ၍၊
တွင်းမှာရေပင်၊ များသည်ထင်ငြား၊
ငမိုက်ဖားနှယ်၊ မှတ်သားလူတို့ ပုံခင်းတည်း။

ဖြိုး(ထားဝယ်)ကဗျာဆိုတာ ရင်ထဲက ရတနာ
18.10.2014.စနေနေ့,11:30.pm
( လောကနီတိမှ ရေးသားပူဇော်ပါသည် )

Friday, 17 October 2014

လောကနီတိ

အခန်း ( ၁ )
ပညာရှိဆိုင်ရာအခန်း

Section ( 1 )
THE WISE MAN
***********************

( ၁၂ )
အပုဋ္ဌော ပဏ္ဍိတော ဘေရီ၊ ပဇ္ဇုန္နော ဟောတိ ပုစ္ဆိတော၊
ဗာလော ပုဋ္ဌော အပုဋ္ဌောပိ၊ ဗဟုပိ ဘဏတေ သဒါ။

လောက၌ ပညာရှိသည် သူမမေးသော် စည်ကြီးသဖွယ် ( ဆိတ်ငြိမ်၏ )၊
သူမေးမူကား မိုးကြီးသဖွယ်( ခြိမ့်ခြိမ့်သည်းသည်းပြောဆိုတတ်၏ )၊
သူမိုက်သည်ကား မေးသည်ဖြစ်စေ မမေးသည်ဖြစ်စေ အခါခပ်သိမ်း များစွာပြောဆိုတတ်၏။ ။

( 12 )
A wise man who is not questioned is like a drum; one
who is questioned is like a violent shower: a fool, whether addressed or not, speaks much.

နီတိပျို့
**************
ဖြစ်မှုစိစ္စေး၊ သူမမေးလျှင်၊
အလေးမမူ၊ စည်ကြီးတူတည့်၊
နည်းယူလို့ရေး၊ သူကမေးသော်၊
မနှေးလျင်စွာ၊ မိုးကြီးရွာသို့၊
သေချာတမူ၊ ဖြေပါဟူ၏၊
သူတည်းစိစ္စေး၊ မမေးဖြစ်စေ၊
မေးဖြစ်စေလျှင်၊ ပြောထွေများစွာ၊ သူ မိုက်သာတည့်။ ။

( ၁၃ )
ပေါတ္ထကေသုစ ယံ သိပ္ပံ၊ ပရဟတ္ထေသု ယံ ဓနံ၊
ယထာကိစ္စေ သမုပ္ပန္နေ၊ န တံ သိပ္ပံ န တံ ဓနံ။

စာအုပ်၊ ပေစာတို့အတွင်း၌ အကြင်အတတ်ပညာသည် ရှိ၏။
သူတစ်ပါးတို့ လက်တွင်း၌ အကြင်ဥစ္စာသည် ရှိ၏။ ( မိမိ၌ )
အကြောင်းကိစ္စ ပေါ်လတ်သော် ထိုအတတ်ပညာ၊ ထိုဥစ္စာတို့သည်
( မိမိကိုယ်ပိုင် ) အတတ်ပညာ၊ ဥစ္စာပစ္စည်း မမည်ချေ။ ။

( 13 )
The knowledge that is in books. and the wealth that
is not in one´ s hands, the one is not knowledge, and the
other not  wealth, when occasion arises.

နီတိပျို့
**********
ပေမှာရှိငြား၊ အတတ်များနှင့်၊
တစ်ပါးသူမှာ၊ ထားဥစ္စာကား၊
လိုခါမရ၊ ဖြစ်တတ်လှ၍၊
သိပ္ပဥစ္စာ၊ မမည်ပါသည်၊
မှတ်ရာကုန်ကြ မယွင်းတည်း။ ။

ဖြိုး(ထားဝယ်)ကဗျာဆိုတာ ရင်ထဲက ရတနာ
17.10.2014.သောကြာနေ့,10:30.pm
( လောကနီတိမှ ရေးသားပူဇော်ပါသည် )

Sunday, 12 October 2014

မြန်မာ့သမိုင်း

မြန်မာ့ သမိုင်း
**************
စိတ်မယိုင်ဘူး
အတိတ်သမိုင်းရှိတယ်
လာမထိနဲ့
ကမ္ဘာကသိတယ်။ ။

ဘာမထီ ဇာမဏီသွေး
အာဇည်နည် အရေးက
သင်တို့သိ စိတ်ဓါတ်ဟာ
မိုးပေါ်ထိ ဟေ့
လာပြီကွ မြန်မာ့သိုင်း။ ။

တိုင်းတစ်ပါးကို ခုခံ
တော်လှန်စိတ်ထား
နှလုံးသားမှာ အမြဲရှိတယ်
သခင်တွေက ထွန်းတောင့်တယ်။ ။

ကျွန်သဘောက်ဖွယ်
ပြုကျင့်လို့ တိုက်စို့လို့
အားခွန်စိုက် သွေးသောက်နဲ့
အပြီးတိုက်တာ သိလားဟေ့
မြန်မာ။ ။

အာဇာနည် ဘာမထီဒီသွေး
ရဲရဲလေး စစ်ခင်းမယ်
မမြင်ချင်သူ ရှောင်ထား
တိုက်စို့ဟေ့ မြန်မာ့သွေးသား
ဒီမှာဓား ထက်သလားမမေးနဲ့
ငှက်ကြီးတောင် ဓားက
အရှည်ထားတာ တိုးသွားဖို့ပါ
ကိုးယိုးကားယား မလုပ်နဲ့
သိုင်းပညာ သင်ထားတာ
အလာကာ မဟုတ်ဘူး
အခုတိုက်မယ် စည်းလုံးအားကို
သွေးထားဟေ့ မြန်မာ့ဓား။ ။

ဖြိုး(ထားဝယ်)ကဗျာဆိုတာ ရင်ထဲက ရတနာ
20.9.2014,စနေနေ့,9:21,am

လမ်းစဉ်လေးလှဖို့

လမ်းစဉ်လေးလှဖို့
*****************
တစ်ချို့တွေက
အတွေးမှာမျော
စိတ်မနောက နောက်ကျိ
စိတ်ဓါတ်က မြေကြီးထိ။ ။

ခြေချင်းငြိ မစ္ဆရိယ ပိပေါ့
အတွေး မနောက
သိပ်မကောင်း
ဆိတ်ကျောင်းသူငယ်လို
လမ်းစဉ်အို နောက်ကောက်လိုက်တော့
အိမ်ပြန် နောက်ကျပေါ့။ ။

သဘော သဘောနဲ့
မနော ဖြူစင်သူ
လူတစ်ချို့က တောထဲသို့
ရောက်နေကြတယ်။ ။

အမှန်တကယ်
ဖွေရှာသာ ကြည့်
စိတ်ဓါတ်ကိုမြှင့်
ဟိရိ သြတပ္ပဖြည့်
စာကြည့် ပေကြည့်
မိတ်ဆွေ အဖြည့်ပေါ့။ ။

လွင့်မျောနေတဲ့
ဒီ စိတ်တွေ ချူပ်
မျက်နှာပုတ် မနေကြနဲ့
သေကြရင် ဒီရုပ်က
အပုတ် ပါပဲလေ။ ။

ဒီမြေ ဒီရေ
ဒီလေ ဒီသွေး
ဒီခန္ဓာ မအိုသ၍
စိတ်ကောင်းလေးမွေးလို့
အိုး
အဆွေတို့ စိတ်ထားလေး
လှပဖို့ မိမိစိတ်ကို
လမ်းစဉ်လှအောင် ပြင်ဆင်လိုက်စို့။ ။

ဖြိုး(ထားဝယ်)ကဗျာဆိုတာ ရင်ထဲက ရတနာ
11.10.2014.စနေနေ့.11:19.pm

မြတ်ဆရာ

မြတ်ဆရာ
*****************
သမိုင်းမာလာ
ကြာတစ်ပွင့်တင့်
ဆရာဖြစ်တဲ့
ဂုဏ်မဟာ ဉာဏ်ပညာ
ခါတင့်တယ်လို့
တပည့်ချစ်တဲ့ မြတ်ဆရာ။ ။

နာသုံးနာ ပညာ
ဆရာသင်ပေး
တပည့်တွေရဲ့
အလေးစားထိုက်
နှုတ်ဆက်ခိုက် ငိုကြွေးမိတယ်
မြတ်ဆရာရဲ့ ကရုဏာတကယ်။ ။

လေးစားဘွယ်
အတိတ်သမိုင်းကို
အလင်းတိုင်းသာ
ဆောင်ရွက်ပေး
ငိုးကြွေးမိတဲ့ မြတ်ဆရာ
ချစ်ရှာ တပည့်တွေတွက်
နှုတ်ဆက်ပါတယ်ကွယ်။ ။

ဝမ်းနည်းဘွယ်
အသည်းခိုက်မတက်
ချစ်လိုက်တဲ့ တပည့်အပေါ်မှာ
ရှာမှ ရှားတဲ့ မြတ်ဆရာ။ ။

ကြည်ညိုကာ ဦးခိုက်တင်
ဒီဘဝင် ပီတိဖြစ်လို့မဆုံး
မြတ်ဆရာအားလုံး
ရွှင်ပြုံး ကြည်သာ
အေးချမ်းသာ၍
ဘေးဘယာ ဝေးကွာ
ဗျာပါများကင်း
ရွှင်လန်းခြင်း ဖြစ်ကြပါစေ။ ။

ဖြိုး(ထားဝယ်)ကဗျာဆိုတာ ရင်ထဲက ရတနာ
5.10.2014,တနင်္ဂနွေနေ့,10:36.pm