Categories

Friday, 17 October 2014

လောကနီတိ

အခန်း ( ၁ )
ပညာရှိဆိုင်ရာအခန်း

Section ( 1 )
THE WISE MAN
***********************

( ၁၂ )
အပုဋ္ဌော ပဏ္ဍိတော ဘေရီ၊ ပဇ္ဇုန္နော ဟောတိ ပုစ္ဆိတော၊
ဗာလော ပုဋ္ဌော အပုဋ္ဌောပိ၊ ဗဟုပိ ဘဏတေ သဒါ။

လောက၌ ပညာရှိသည် သူမမေးသော် စည်ကြီးသဖွယ် ( ဆိတ်ငြိမ်၏ )၊
သူမေးမူကား မိုးကြီးသဖွယ်( ခြိမ့်ခြိမ့်သည်းသည်းပြောဆိုတတ်၏ )၊
သူမိုက်သည်ကား မေးသည်ဖြစ်စေ မမေးသည်ဖြစ်စေ အခါခပ်သိမ်း များစွာပြောဆိုတတ်၏။ ။

( 12 )
A wise man who is not questioned is like a drum; one
who is questioned is like a violent shower: a fool, whether addressed or not, speaks much.

နီတိပျို့
**************
ဖြစ်မှုစိစ္စေး၊ သူမမေးလျှင်၊
အလေးမမူ၊ စည်ကြီးတူတည့်၊
နည်းယူလို့ရေး၊ သူကမေးသော်၊
မနှေးလျင်စွာ၊ မိုးကြီးရွာသို့၊
သေချာတမူ၊ ဖြေပါဟူ၏၊
သူတည်းစိစ္စေး၊ မမေးဖြစ်စေ၊
မေးဖြစ်စေလျှင်၊ ပြောထွေများစွာ၊ သူ မိုက်သာတည့်။ ။

( ၁၃ )
ပေါတ္ထကေသုစ ယံ သိပ္ပံ၊ ပရဟတ္ထေသု ယံ ဓနံ၊
ယထာကိစ္စေ သမုပ္ပန္နေ၊ န တံ သိပ္ပံ န တံ ဓနံ။

စာအုပ်၊ ပေစာတို့အတွင်း၌ အကြင်အတတ်ပညာသည် ရှိ၏။
သူတစ်ပါးတို့ လက်တွင်း၌ အကြင်ဥစ္စာသည် ရှိ၏။ ( မိမိ၌ )
အကြောင်းကိစ္စ ပေါ်လတ်သော် ထိုအတတ်ပညာ၊ ထိုဥစ္စာတို့သည်
( မိမိကိုယ်ပိုင် ) အတတ်ပညာ၊ ဥစ္စာပစ္စည်း မမည်ချေ။ ။

( 13 )
The knowledge that is in books. and the wealth that
is not in one´ s hands, the one is not knowledge, and the
other not  wealth, when occasion arises.

နီတိပျို့
**********
ပေမှာရှိငြား၊ အတတ်များနှင့်၊
တစ်ပါးသူမှာ၊ ထားဥစ္စာကား၊
လိုခါမရ၊ ဖြစ်တတ်လှ၍၊
သိပ္ပဥစ္စာ၊ မမည်ပါသည်၊
မှတ်ရာကုန်ကြ မယွင်းတည်း။ ။

ဖြိုး(ထားဝယ်)ကဗျာဆိုတာ ရင်ထဲက ရတနာ
17.10.2014.သောကြာနေ့,10:30.pm
( လောကနီတိမှ ရေးသားပူဇော်ပါသည် )

No comments:

Post a Comment