အခန်း( ၁ )
ပညာရှိဆိုင်ရာအခန်း
Section( 1 )
THEWISEMAN
**********************
( ၁၄ )
ဇလပ္ပမာဏံ ကုမုဒနာဠံ၊
ကုလပ္ပမာဏံ ဝိနယော ပဓာနံ၊
ဗျတ္တိပ္ပမာဏံ ကထိတဝါကျံ၊
ပထဝီပမာဏံ တိဏာမိလာတံ။
ရေ၏ နက်မနက်ကို ကြာရိုးကြာစွယ်ကိုကြည့်၍ သိရာ၏။
လူ၏ အမျိုး မြတ်မမြတ်ကို ကိုယ်နှုတ်အမူအရာကိုကြည့်၍ သိရာ၏။
ပညာရှိမရှိကို ဆိုသောစကားကို ဆင်ခြင်၍ သိရာ၏။
မြေ၏ ကောင်းမကောင်းကို မြက်ညှိုး,မညှိုးကိုကြည့်၍ သိရာ၏။
( 14 )
The criterion of water is the water-lily; of a race,
discipline and discourse; of wisdom, the words that are
uttered; and of the ground, the fading of the grass.
နီတိပျို့
***************
မယွင်းမှတ်လို၊ ရေကိုတိမ်နက်၊
ကြာရိုးရွက်ဖြင့်၊ ချင့်တွက်သိရာ၊
လူတို့မှာလည်း၊ ဖြစ်ရာမှန်ဘိ၊
ဇာတိမြတ်ယုတ်၊ မှန်အဟုတ်ကို၊
ကိုယ်နှုတ်အမူ၊ ပြသည်ဟူ၏၊
လူတို့တံထွာ၊ လူတို့မှာကား၊
ပညာရှိသည်၊ မရှိသည်လည်း၊
ဆိုမည်စကား၊ ကိုထောက်ထားလော့၊
မြေအားသောင်းပြောင်း၊ ကောင်းမကောင်းမှာ၊
မြက်သာစကား။
( ၁၅ )
အပ္ပဿုတော သုတံ အပ္ပံ၊ ဗဟုမညတိ မာနဝါ၊
သိန္ဒူဒကံ အပဿန္တော၊ ကူပေ တောယံ ဝ မဏ္ဍုကော။
အကြာအမြင်နည်းသူသည် အနည်းငယ်မျှသော အကြာအမြင်ကိုပင်
အများဟု ထင်မှတ်တတ်၊ မာန်တက်တတ်၏။
သမုဒ္ဒရာရေကို မမြင်ဘူးသော ဖားငယ်သည် တွင်း၌ရှိသော
ရေကို အများဟု ထင်မှတ်နေသကဲ့သို့တည်း။
( 15 )
A man of little learning deems that little a great deal;
he is proud: a frog not seeing the water of the sea, considers it as much as the water in a well.
နီတိပျို့
***********
နည်းပါးပညာ၊ ရှိသူမှာကား၊
ငယ်စွာသုတ၊ တစ်ခုမျှလည်း၊
များလှထင်ယောင်၊ မာန်စောင်တက်ကြွ၊
လွန်ပြောပ၏၊ မြစ်မသမုဒ္ဒရာ၊ မမြင်ရှာ၍၊
တွင်းမှာရေပင်၊ များသည်ထင်ငြား၊
ငမိုက်ဖားနှယ်၊ မှတ်သားလူတို့ ပုံခင်းတည်း။
ဖြိုး(ထားဝယ်)ကဗျာဆိုတာ ရင်ထဲက ရတနာ
18.10.2014.စနေနေ့,11:30.pm
( လောကနီတိမှ ရေးသားပူဇော်ပါသည် )
No comments:
Post a Comment