သမိုင်းမာလာ
ကြာတစ်ပွင့်တင့်
ဆရာချစ်တဲ့
တပည့်တစ်ထွေ
နှုတ်ဆက်ပေ ဆရာ့
နှလုံးက မျက်ရည်နဲ့ဖုံး။ ။
ရွှင်ပြုံးမနိုင်
အသည်းမခိုင်
ရွှေရင် ထွေးရယ်ဖြင့်
ငိုချင်းနဲ့ နှုတ်ဆက်ခါ
ချစ်ရှာ တပည့်တွေက
အငို မစဲနိုင်ပါ။ ။
ရွှေကြာတစ်ပွင့်ကိုဖြင့်
ရေတင့်ကာ နှုတ်ဆက်
ဆရာချစ်တဲ့ ဒီတပည့်ထွေ
မျက်ရည် ခမ်းပါပြီလေ။ ။
ပညာအမွေ
တတ်ဆင်ပေးခဲ့
လက်ပြ နှုတ်ဆက်
ဆရာမြတ်ရဲ့ ဂုဏ်ကျေးဇူး
တသက် မမေ့ပါဘူး။ ။
နာသုံးဖူး ပြည့်
ကြာပွင့်ရဲ့ သမိုင်း
အပြိုင် ရွှေရင်ခိုင်
သူဖူးပွင့်တယ်
ရေဝဠာမှာ ပန်းချစ်ဘွယ်။ ။
မြတ်ဆရာမယ်
နှုတ်ဆက်ကာ ငိုးကြွေး
ကန်တော့လျက်ပါ
ဆရာမြတ်လေး။ ။
ဆရာအပေါင်းတွေကို ကန်တော့လျက်ပါ။ ။
ဖြိုး(ထားဝယ်)ကဗျာဆိုတာ ရင်ထဲက ရတနာ
6.10.2014.တနင်္လာနေ့.1:59.Am
No comments:
Post a Comment