Categories

Sunday, 12 October 2014

ငြိမ်းချမ်းရေး ကဗျာ

ရှေ့သို့
********************
တက်လှမ်းလို့ ပန်းတိုင်ဆီ
ငြိမ်းချမ်းခြင်း မြေဆီသို့
တိုင်းရင်းသား စုံညီလို့
ရှေ့သို့ ရှေ့သို့။ ။

လှမ်း လှမ်းကြပါစို့။ ။

အပူအပင် တစ်ချို့တွေ
ရှိကြတယ် ရင်ထဲမှာ
မအေးမြကွယ် ဒါပေမယ့်
အမှန်တကယ် ပေါင်းစည်းကာသွား
အင်အားဖြင့်လို့ တို့ညီကို
တိုင်းရင်းသားတို့
ရှေ့သို့ ရှေ့သို့။ ။

ဟိုး အဝေးမှာ
တို့ ညီကို တိုင်းရင်းတစ်ချို့
မချိ မဆန့်နဲ့ ဒဏ်ရာပျို့
အိုး ညီကိုတို့ စည်းလုံးကာ
ပြုပြင်စို့ ရှေ့သို့ ရှေ့သို့။ ။

ပန်းတိုင်းသို့ လှမ်းကိုင်ဖို့
မျှော်ကိုးလို့ ဒီဘဝင်
မြေပြင် ခြေကျင်လျှောက်သူတွေ
များလွန်းလှ ရပ်စဲကြ
အချင်းချင်းဗျ။ ။

စစ်ခင်းကျ ညီကိုရှင်
တို့ တိုင်းရင်းသာပင်
မဟုတ်ပေ ဘူးလား
ငြိမ်းချမ်းခြင်းတရားနဲ့
ရှေ့ဆက် လှမ်းဖို့
ပြင်ဆင်လို့ထား။ ။

အမှန် အမှား
ကံတရားကို အပစ်ပုံချ
ရန်များသာ ကျန်ရစ်ကြ
ပြည်သူ့ ရင်ထဲမှာ
ဒဏ်ရာတွေ များလွန်းလှ။ ။

လှမ်းရမယ့် တို့ခြေလှမ်း
ငြိမ်းချမ်းခြင်း အလင်းရောင်
လမ်းပြဆောင် ညီအကိုတွေနဲ့
တို့ရွှေ တိုင်းရင်းသားတို့
ရှေ့သို့ ရှေ့သို့ ။ ။

ပန်းတိုင်ဆီ လက်တွဲညီ
အတူလျှောက်လှမ်းကာ
ငြိမ်းချမ်းခြင်း အင်အားများဖြစ်
အတူတူ သွားပါစို့။ ။

ရှေ့သို့ ရှေ့သို့။ ။

ဖြိုး(ထားဝယ်)ကဗျာဆိုတာ ရင်ထဲက ရတနာ
12.10.2014.တနင်္ဂနွေနေ့,10:26.pm

No comments:

Post a Comment